Lectionary Calendar
Friday, April 3rd, 2026
Good Friday
There are 2 days til Easter!
Attention!
For 10¢ a day you can enjoy StudyLight.org ads
free while helping to build churches and support pastors in Uganda.
Click here to learn more!

Read the Bible

Myanmar Judson Bible

သမ္မာ ၆ 4

1 အလျားအတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင် ကိုလည်း လုပ်လေ၏။2 အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။3 ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီး ရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏။4 နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။5 ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ၏။ ရေဗတ်သုံးထောင်ဝင်နိုင်၏။6 မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ်၍၊ လက်ျာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း။7 ရွှေမီးခုံဆယ်ခုကိုလည်းအရင်ပုံနှင့် အညီလုပ်၍ ဗိမာန်တော်အတွင်း လက်ျာဘက်၌ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။8 စားပွဲဆယ်ခုကိုလည်း လုပ်၍ ဗိမာန်တော် အတွင်း လက်ျာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ ရွှေဖလားတရာကိုလည်း လုပ်လေ၏။9 ယဇ်ပုရောဟိတ်တန်တိုင်း၊ ပြင်တန်တိုင်းကြီး၊ တန်တိုင်းတံခါးရွက်များကိုလည်း လုပ်၍တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။10 ရေကန်ကိုလည်း အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။

11 ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဘို့ ဘုရား သခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူ ကား၊12 တိုင်နှစ်တိုင်၊ တိုင်ထိပ်နှင့်တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊13 ထိုကွန်ရွက်အပေါ်မှာ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊14 ခုံများ၊ ခုံပေါ်မှာတင်ထားသောအင်တုံများ၊15 ရေကန်တကန်၊ ရေကန်ကိုထောက်သော နွား တဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အမဲချိတ်များတည်း။16 ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင် တောက်သော ကြေးဝါဖြင့် ပြီးကြ၏။17 ယော်ဒန်ချိုင့်၊ သုကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ၌ ရှင်ဘုရင်သွန်းလေ ၏။18 ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာ လုပ်သောကြောင့်၊ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။19 ရှောလမုန်သည်လည်း၊ ဘုရားသခင်၏ အိမ် တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာစားပွဲ၊20 တရားတော်အတိုင်း ဗျာဒိတ်ဌာနတော်ရှေ့မှာ ထွန်းစရာ ဘို့ ရွှေစင်မီးခုံနှင့် မီးခွက်များ၊21 ရွှေစင်ဖြင့်ပြီးသောပန်းပွင့်၊ မီးခွက်၊ မီးကိုင် တန်ဆာများ၊22 ရွှေစင် ဖြင့်ပြီးသောမီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်း ခန်းတံခါးရွက်နှင့် ဗိမာန်တော် ပြင်ခန်းတံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ၏။

 
adsfree-icon
Ads FreeProfile