Lectionary Calendar
Saturday, April 4th, 2026
Holy Saturday
Easter is tomorrow
Attention!
For 10¢ a day you can enjoy StudyLight.org ads
free while helping to build churches and support pastors in Uganda.
Click here to learn more!

Read the Bible

Myanmar Judson Bible

ဒေါ်လောက 34

1 ထိုနောက်၊ မောရှေသည် မောဘလွင်ပြင်မှ သွား၍ ယေရိခေါမြို့တဘက်၊ နေဗောတောင်၊ ပိသဂါထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရားသည် ဒန်မြို့တိုင် အောင်၊ ဂိလဒ်ပြည် တရှောက်လုံး၊2 နဿလိပြည် တရှောက်လုံး၊ ဧဖရိမ်ပြည်၊ မနာ ရှေပြည်နှင့်တကွ အဝေးဆုံးသော ပင်လယ်တိုင်အောင်၊ ယုဒပြည်တရှောက်လုံး၊3 တောင်ပြည်နှင့်တကွ ဇောရမြို့တိုင်အောင် စွန်ပလွံမြို့တည်းဟူသော ယေရိခေါမြို့တည်သော ချိုင့် နှင့် လွင်ပြင်တို့ကို ပြတော်မူ၏။4 ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်၏အမျိုးအနွယ် အား ငါပေးမည်ဟု ဂတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော အခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။

5 ထာဝရဘုရားကလည်း၊ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို၍ သင်၏အမျိုးအနွယ် အား ငါပေးမည်ဟု ဂတိထားသောပြည်ကို ကြည့်လော့။ သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော အခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး၍မသွားရဟု မိန့်တော်မူ၏။6 ဗက်ပေဂုရမြို့တဘက်၊ မောဘပြည်၊ တစုံတခု သောချိုင့်၌ သင်္ဂြိုဟ်တော်မူ၏။ မောရှေ၏ သင်္ချိုင်းကို ယနေ့တိုင်အောင် အဘယ်လူမျှမသိရာ။7 မောရှေသည် အနိစ္စရောက်သောအခါ အသက် တရာနှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်သေး။ ခွန်အား လည်း မလျော့သေး။8 ဣသရေလအမျိုးသားတို့သည် မောရှေကို အောက်မေ့၍၊ မောဘလွင်ပြင်၌ အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။

9 မောရှေအတွက် ငိုကြွေးမြည်တမ်းသော နေ့ ရက်ကာလလွန်ပြီးမှ၊ နုန်၏သား ယောရှုသည် အထက်က မောရှေ၏ လက်တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာသဘော နှင့် ပြည့်စုံသောသူဖြစ်၍၊ ဣသရေလအမျိုးသားတို့သည် ယောရှု၏စကားကို နားထောင်လျက်၊ မောရှေအား ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြုကြ၏။10 ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည် တွင် ဖါရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်း တို့၌ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြု၍၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာ တန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှု အရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း။11 ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည် တွင် ဖါရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်း တို့၌ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြု၍၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာ တန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှု အရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း။12 ထာဝရဘုရားစေလွှတ်တော်မူ၍၊ အဲဂုတ္တုပြည် တွင် ဖါရောဘုရင်နှင့် သူ၏ကျွန်မှစ၍ ပြည်သားအပေါင်း တို့၌ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အလုံးစုံတို့ကို ပြု၍၊ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာ မဟာ တန်ခိုးတော်နှင့် အလွန်ကြောက်မက်ဘွယ်သော အမှု အရာအပေါင်းတို့ကို ပြလေရာတွင်၊ ထာဝရဘုရား၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ် ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို့ နောက်တဖန် ဣသရေလအမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မပေါ်မထွန်း။

 
adsfree-icon
Ads FreeProfile