Lectionary Calendar
Friday, April 3rd, 2026
Good Friday
There are 2 days til Easter!
Attention!
For 10¢ a day you can enjoy StudyLight.org ads
free while helping to build churches and support pastors in Uganda.
Click here to learn more!

Read the Bible

Myanmar Judson Bible

ဂီဆိုသုံး 33

1 ထိုအခါ ယာကုပ်သည် မြော်ကြည့်၍၊ အစ်ကို ဧသောသည် လူလေးရာပါလျက် ချီလာသည်ကိုမြင်လျှင်၊ လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများ တို့ကို ဝေပေးလေ၏။2 ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌ ၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း ထားလေ ၏။3 သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ် တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ၏။4 ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။

5 ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ် များကို မြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ် သူနည်းဟုမေးသော်၊ ကိုယ်တော်၏ ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟု ပြန်ပြောပြီးမှ၊6 ကျွန်မတို့သည်၊ မိမိတို့သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။7 ထိုနောက်၊ လေအာသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ်၍ ဦးညွှတ်ခြင်းကို ပြုကြ၏။8 ဧသောကလည်း၊ ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်းဟု မေး လျှင်၊ သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော၏။9 ဧသောကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။10 ယာကုပ်ကလည်း၊ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင် ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။11 ကိုယ်တော်ထံသို့ရောက်သော ကျွန်တော်၏ မင်္ဂလာကိုခံယူတော်မူပါ။ဘုရားသခင်သည်၊ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ကျွန်တော်၌ လုံလောက်အောင်ရှိပါ၏ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏။12 ဧသောကလည်း၊ ခရီးသွားကြစို့၊ သင့်ရှေ့မှာ ကျွန်ုပ်သွားမည်ဟုဆိုလျှင်၊13 ယာကုပ်က၊ သခင်သိသည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ်ပါ၏။ သားငယ်ပါသော သိုး၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော်၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင်လွန် လျှင်၊ ရှိသမျှတို့သည် သေကြပါလိမ့်မည်။14 ထိုကြောင့်သခင်သည်၊ ကိုယ်တော်၏ ကျွန်ရှေ့ မှာကြွနှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊သူငယ်များ၊ တတ်နိုင်သမျှအတိုင်း၊ သခင်နေရာ စိရပြည်သို့ ရောက်အောင်၊ တဖြည်းဖြည်း ပို့ဆောင်ပါမည်ဟု လျှောက်လေ၏။15 ဧသောကလည်း၊ သို့ဖြစ်လျှင် အကျွန်ုပ်၌ ပါသော သူအချို့တို့ကို ညီ၌ထားခဲ့ပါရစေဟုဆိုလျှင်၊ ယာကုပ်က၊ အဘယ်အကြောင်း ရှိပါသနည်း။ သခင်၏ စိတ်တော်နှင့်တွေ့ပါစေဟု ပြန်ဆိုသော်၊

16 ဧသောသည် ထိုနေ့ခြင်းတွင် စိရပြည်သို့ ခရီးသွား၍ ပြန်လေ၏။17 ယာကုပ်လည်း၊ သုကုတ်အရပ်သို့ ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။18 ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သော လမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။19 တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာ အဘိုးပေး၍ ဝယ်ရသတည်း။20 ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ဧလေလောဣသရေလဟူ၍သမုတ်လေ၏။

 
adsfree-icon
Ads FreeProfile