Lectionary Calendar
Saturday, April 4th, 2026
Holy Saturday
Easter is tomorrow
Attention!
StudyLight.org has pledged to help build churches in Uganda. Help us with that pledge and support pastors in the heart of Africa.
Click here to join the effort!

Read the Bible

Myanmar Judson Bible

အသားသည် 23

1 တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည် တိုင်အောင် ရှင်းရှင်း ပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏။2 ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။3 များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့၊ မြစ်၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။4 အိုဇိဒုန်မြို့၊ ရှက်ကြောက်ခြင်းရှိလော့။ အ ကြောင်းမူကား၊ ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီး က၊ ငါသည် ကိုယ်ဝန်မဆောင်၊ သားမဘွား၊ လူပျို နှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို၏။5 အဲဂုတ္တုပြည်သားတို့သည် တုရုမြို့သိတင်းကို ကြားသောအခါ၊ ထိုသိတင်းကြောင့် အလွန်စိတ်ပူပန်ခြင်း သို့ ရောက်ကြလိမ့်မည်။6 တာရှုမြို့သို့ ကူးကြလော့။ ပင်လယ်နားမှာ နေသောသူတို့၊ ညည်းတွားမြည်တမ်းကြလော့။7 ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ ဝေးသော အရပ်၌ တည်းခို ခြင်း ငှါ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏။8 တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည် သနည်း။9 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း၊မြေကြီး မှုးမတ်အပေါင်းတို့ကို ရှုတ်ချခြင်းငှါ၎င်း ထိုသို့ကြံစည်တော်မူ၏။10 အိုတာရှုမြို့၏သ္မီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့။11 ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏။ ခါနာန်ပြည်၌ ခိုင်ခံ့သော အရပ်တို့ကို ဖျက်ဆီးစေခြင်းငှါ၊ ထာဝရဘုရား အမိန့် တော်ရှိ၏။12 ညှဉ်းဆဲခြင်းကို ခံရသော ကညာ၊ ဇိဒုန်မြို့၏သ္မီး၊ သင်သည် နောက်တဖန် ရွှင်လန်းခြင်း မရှိရ။ ထလော့။ ခိတ္တိမ်ပြည်သို့ ကူးသွားလော့။ ထိုအရပ်၌လည်း ငြိမ်သက် ခြင်း မရှိရဟု မိန့်တော်မူ၏။13 အထက်က မရှိသော ခါလဒဲအမျိုးသားတို့နေ သော ပြည်ကို ကြည့်ရှုလော့။ ထိုပြည်ကို အာရှုရိမင်းသည် တောတွင်းသားတို့ နေစရာဘို့ တည်ထောင်၏။ ထိုပြည် သားတို့သည် ပြအိုးတို့ကို တည်ဆောက်၍၊ တုရုအိမ်တော် များနှင့် မြို့ကိုလည်း ရှင်းရှင်းဖျက်ဆီးကြ၏။14 တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြ လော့။ သင်တို့၏ မြို့ကြီးသည် ပျက်ကုန်ပြီ။

15 ထိုကာလ၌ တုရုမြို့ကို၊မင်းဆက်တဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှမအောက် မေ့ရ။ အနှစ်ခုနစ်ဆယ်လွန်သောအခါ၊ ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့၊ တုရုမြို့အား သီချင်းဆိုလိမ့် မည်။16 အဘယ်သူမျှ မအောက်မေ့သော ပြည်တန်ဆာ မိန်းမ၊ စောင်းကိုကိုင်၍ မြို့တွင်လှည့်လည်လော့။ သူတပါးတို့သည် သင့်ကို သတိရစေခြင်းငှါ၊ သာယာသော အသံနှင့် တီး၍၊ သီချင်းကို များစွာဆိုလော့။17 အနှစ်ခုနစ်ဆယ် လွန်သောအခါ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည်။18 သို့ရာတွင်၊ သူ၏ ကုန်သွယ်ခြင်း၊ အမြတ်ရခြင်း အရာတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းလိမ့်မည်။ ဆည်းဖူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာ သည် ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဘို့ ဖြစ်၍ သူတို့သည် ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။

 
adsfree-icon
Ads FreeProfile