Lectionary Calendar
Friday, April 3rd, 2026
Good Friday
There are 2 days til Easter!
Attention!
Take your personal ministry to the Next Level by helping StudyLight build churches and supporting pastors in Uganda.
Click here to join the effort!

Read the Bible

Myanmar Judson Bible

ဂျာမနီယာ 37

1 ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ်သားခေါနိ အရာ၌၊ ယောရှိမင်းကြီး၏ သားဇေဒကိမင်းကြီးသည် နန်းထိုင်လေ၏။2 ထာဝရဘုရားသည် ယေရမိအားဖြင့် မိန့်တော် မူသော စကားတော်တို့ကို၊ ထိုမင်းကြီးအစရှိသော ကျွန်များ၊ ပြည်သူပြည်သားများတို့သည် နားမထောင်ဘဲ နေကြ၏။3 တရံရောအခါ ဇေဒကိမင်းကြီးသည်၊ ရှေလမိ သားယေဟုကလနှင့်ယဇ်ပုရောဟိတ် မာသေယသား ဇေဖနိတို့ကို ပရောဖက်ယေရမိထံသို့ စေလွှတ်၍၊ ငါတို့ အဘို့ငါတို့ဘုရားသခင်ထာဝရ ဘုရားအားဆုတောင်း ပါလော့ဟု မှာလိုက်၏။4 ထိုအခါ ယေရမိသည် ထောင်ထဲသို့ မရောက် သေး။ လူများ တို့နှင့်ပေါင်းဘော်လျက် နေသေး၏။5 ယေရုရှလင်မြို့ကို ပိုင်းသော ခါလဒဲလူတို့သည်၊ အဲဂုတ္တုပြည်မှ ဖာရောဘုရင်၏ ဗိုလ်ခြေများစစ်ချီ၍ လာကြောင်းကို ကြားလျှင်၊ ထိုမြို့မှ ထွက်သွားကြပြီ။6 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိသို့ ရောက်၍၊7 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှါ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြော လော့။ သင်တို့ကိုစစ်ကူခြင်းငှါလာသော ဖာရောဘုရင်၏ ဗိုလ်ခြေတို့သည်သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြ လိမ့်မည်။8 ခါလဒဲလူတို့သည် လာပြန်၍၊ ဤမြို့ကို တိုက်ယူ ပြီးလျှင် မီးရှို့ကြလိမ့်မည်။9 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်ခါလဒဲလူတို့သည် ငါတို့ထံမှ ထွက်သွားကြလိမ့်မည်ဟု ဆို၍ ကိုယ်ကိုကိုယ်မလှည့်စားကြနှင့်။ သူတို့သည် ထွက်၍ မသွားရကြ။10 ထိုမျှမက၊ သင်တို့ကိုစစ်တိုက်သော ခါလဒဲ စစ်သူရဲအပေါင်းတို့ကို သင်တို့သည်လုပ်ကြံသဖြင့်၊ သူတို့ တွင် ဒဏ်ချက်ထိသော သူသက်သက် ကျန်ကြွင်းသော် လည်း၊ သူတို့သည် အသီးအသီးမိမိတို့ထဲ၌ထ၍၊ ဤမြို့သို့ မီးရှို့ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

11 ခါလဒဲစစ်သူရဲတို့သည် ဖာရောဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင်မြို့မှ ဆုတ်သွားကြသော အခါ၊12 ယေရမိသည်မိမိအမျိုး၌ မိမိအမွေဥစ္စာကို ခံအံ့ သောငှါ၊ ဗင်္ယာမိန်ပြည်သို့သွားမည်ဟု အကြံရှိ၍ ယေရု ရှလင်မြို့မှ ထွက်သွားလေ၏။13 ဗင်္ယာမိန်တံခါးဝသို့ ရောက်သောအခါ၊ ဟာနနိ သားဖြစ်သော ရှေလမိ၏ သားကင်းမှူးဣရိယက၊ သင်သည်ခါလဒဲ လူတို့ဘက်သို့ ကူးသွားပါသည် တကား ဟုဆိုလျက်၊ ပရောဖက်ယေရမိကိုဘမ်းဆီးလေ၏။14 ယေရမိ ကလည်း၊ မဟုတ်ပါ။ ခါလဒဲလူတို့ ဘက်သို့ ငါမကူးမသွားပါဟုဆိုသော်လည်း၊ ဣရိယသည် နားမထောင်ဘဲ၊ ယေရမိကို ယူ၍ မင်းများထံသို့ ပို့ဆောင် လေ၏။15 မင်းများတို့သည် အမျက်ထွက်၍ ယေရမိကို ရိုက်ပြီးမှ၊ စာရေးတော်ယောနသန်၏အိမ်၌ လှောင်ထား ကြ၏။ ထိုအိမ်ကို လှောင်အိမ်လုပ်နှင့်သတည်း။16 ယေရမိသည် အိမ်အောက်မြေတွင်း၊ လှောင် အိမ်ထဲသို့ရောက်၍၊ နေ့ရက်များစွာ နေရသောနောက်၊17 ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိ ကိုနှုတ်ပြီးမှ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရှိသလော ဟု နန်းတော်၌ တိတ်ဆိတ်စွာ မေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။18 တဖန်ယေရမိက၊ အကျွန်ုပ်သည် ကိုယ်တော်ကို ပြစ်မှားသလော။ ကိုယ်တော်၏ကျွန်တို့ကို ပြစ်မှား သလော။ ဤလူမျိုးကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ်ကို လှောင်ထားကြသနည်း။19 ဗာဗုလုန်ရှင်ဘုရင်သည် သင်တို့နှင့် ဤပြည်ကို မတိုက်မလာရဟု ဟောပြောသောသင်တို့၏ ပရောဖက် တို့သည် ယခုအဘယ်မှာ ရှိကြသနည်း။20 သို့ဖြစ်၍၊ အကျွန်ုပ်သခင်အရှင်မင်းကြီး၊ နားထောင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ။ အကျွန်ုပ်ကို သေစေခြင်းငှါ၊ စာရေး တော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကို လျှောက်ဆို၏။21 ထိုအခါ ဇောဒကိမင်းကြီးအမိန့်တော်ရှိ၍၊ ယေရမိကို ထောင်ဝင်း၌ ထားကြ၏။ မြို့တွင် မုန့်မကုန်မှီ တိုင်အောင်၊ မုန့်သည် တန်းမှမုန့်တလုံးကို နေ့တိုင်း အစဉ်ပေးရ၏။ ထိုသို့ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ၏။

 
adsfree-icon
Ads FreeProfile