the Week of Proper 25 / Ordinary 30
Click here to join the effort!
Read the Bible
Myanmar Judson Bible
áá±á«ááºá¸áá±á¬ááºá¸ 137
1 ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည်ထိုင်၍၊ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။2 ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုဃ်း မခပင်တို့၌ ဆွဲထားကြ၏။3 အကြောင်းမူကား၊ ထိုအရပ်၌ ငါတို့ကို ဘမ်း သွားချုပ်ထားသော သူနှင့်၊ ငါတို့ကိုညှဉ်းဆဲသောသူတို့က၊ ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့ဟု၊ သီချင်းဆိုသံကို ၎င်း၊ ရွှင်လန်းသော အသံကို၎င်း ငါတို့၌ တောင်းကြပါ သည်တကား။4 တကျွန်းတနိုင်ငံ၌ ထာဝရဘုရား၏ သီချင်းကို အဘယ်သို့ ဆိုရပါမည်နည်း။5 အိုယေရုရှလင်မြို့၊ သင့်ကို ငါမေ့လျှင် ငါ့လက်ျာ လက်သည် မိမိအတတ်ကိုမေ့ပါစေ။6 သင့်ကိုငါမအောက်မေ့၊အမြတ်ဆုံးသော ဝမ်း မြောက်ခြင်းအကြောင်းထက်၊ ယေရုရှလင်မြို့ကို အမြတ် မထားလျှင်၊ ငါ့လျှာသည် အာခေါင်၌ထပ်ပါစေ။
7 အိုထာဝရဘုရား၊ ယေရုရှလင်မြို့၏နေ့ရက် အချိန်ရောက်သောအခါ၊ မြို့ရိုးကို အမြစ်တိုင်အောင် ရှင်းလိုက်ကြ၊ ရှင်းလိုက်ကြဟု ဆိုကြသော ဧဒုံအမျိုးသား တို့ကို အောက်မေ့တော်မူပါ။8 ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင် သည် ငါတို့၌ ပြုသည်အတိုင်း၊ သင်၌အပြစ်ကိုဆပ်ပေး သောသူသည် မင်္ဂလာရှိ၏။9 သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာ ဆောင့်သော သူသည် မင်္ဂလာရှိ၏။