Lectionary Calendar
Tuesday, February 17th, 2026
the Last Week after Epiphany
There are 47 days til Easter!
Attention!
Take your personal ministry to the Next Level by helping StudyLight build churches and supporting pastors in Uganda.
Click here to join the effort!

Read the Bible

Myanmar Judson Bible

ဇောစက်ရာမှင် 3

1 ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာဝရ ဘုရား၏ ကောင်းကင်တမန်ရှေ့၌ ရပ်နေသည်ကို၎င်း၊ စာတန်သည် ရန်ဘက်ပြု၍ သူ၏လက်ျာဘက်၌ ရပ်နေ သည်ကို၎င်း ငါ့အားပြတော်မူ၏။2 ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အိုစာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါ စေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရ ဘုရားသည် သင့်ကိုဆုံးမတော်မူပါစေသော။ ဤသူသည် မီးထဲက နှုတ်သော ထင်းစဖြစ်သည်မဟုတ်လောဟု စာ တန်အား ဆို၏။3 ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက်၊ ကောင်းကင်တမန်ရှေ့မှာ ရပ်နေသည်ဖြစ်၍၊4 ကောင်းကင်တမန်က၊ ညစ်ညူးသော အဝတ်ကို ချွတ်ပယ်ကြလော့ဟု မိမိရှေ့မှာ ရပ်နေသော အခြားသူတို့ အား ဆို၏။ ယောရှုအားလည်း၊ သင့်အပြစ်ကို ငါဖြေရှင်း ပြီ။ တင့်တယ်သော အဝတ်ကို ဝတ်စေမည်ဟု ဆို၏။5 ငါကလည်း၊ စင်ကြယ်သော ပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း၊ စင်ကြယ် သောပေါင်းကို သူ၏ခေါင်းပေါ်မှာ တင်၍ အဝတ်ကို ဝတ်စေကြ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်သည် လည်း အနားမှာ ရပ်နေ၏။6 တဖန် ထာဝရဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆို၍ ယောရှုအား ပညတ်ထားသည်ကား၊7 သင်သည် ငါ့လမ်းသို့လိုက်၍ ငါ့ပညတ်တရားကို စောင့်ရှောက်လျှင်၊ ငါ့အိမ်ကို စီရင်ရသော အခွင့်၊ ငါ့ တန်တိုင်းတို့ကို စောင့်ရသောအခွင့်ရှိလိမ့်မည်။ ရှေ့တော် ၌ ရပ်နေသော သူအချို့တို့ကို၊ သင့်အား လမ်းပြရသော သူဖြစ်မည်အကြောင်း ငါခန့်ထားမည်။

8 အို ယဇ်ပုရောဟိတ်မင်းယောရှု၊ သင့်ရှေ့မှာနေ သော သင့်အပေါင်းအဘော်တို့နှင့်တကွ နားထောင် လော့။ သူတို့သည် နိမိတ်လက္ခဏာနှင့်ယှဉ်သော သူဖြစ် ကြ၏။ ငါ၏ကျွန်တည်းဟူသော အညွန့်ကို ငါပေါ်ထွန်း စေမည်။9 ယောရှုရှေ့မှာ ငါထားသော ကျောက်ကို ကြည့် ရှုလော့။ ထိုကျောက်တခုကို မျက်စိခုနစ်လုံး ကြည့်ရှုလျက် ရှိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တနေ့ ခြင်းတွင် ဤပြည်၏အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။10 ထိုနေ့၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တယောက်ကိုတယောက် စပျစ်ပင်အောက်၊ သင်္ဘော သဖန်းပင်အောက်သို့ ခေါ်ဘိတ်ကြလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

 
adsfree-icon
Ads FreeProfile